ကျောက်တံခါး ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သော (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့ နေ့လယ်က ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အသိပညာပေး (Talk Show) အစီအစဉ်တွင် ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စန်းတင့်က အွန်လိုင်းမှတစ်ဆင့် အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း (အနောက်ရပ်)မှ ဆရာမဒေါ်အေးအေးသင်း (Book Club) အဖွဲ့ဝင်က အာဇာနည်နေ့ ဖြစ်ပေါ်လာရပုံ သမိုင်းအကြောင်း၊ အာဇာနည်စိတ်ဓာတ်တို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရန်အတွက် အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အွန်လိုင်းစနစ်ဖြင့် ပြည်သူအသိပညာပေး (Talk Show) အစီအစဉ်များကို မြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ လစဉ်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ပြည်သူများ အကျိုးပြုမည့် ဗဟုသုတအသိပညာပေး အစီအစဉ်များကို ရိုက်ကူးတင်ဆက် ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)