မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

မိုင်းငေါ့ ဇူလိုင် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်က ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘုရားကြီးကျောင်းဆရာတော် ဦးဝေပုလ္လထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး  ဆရာတော်  သံဃာတော်များမှ ပရိတ်တော်တရား‌တော်များ ရွတ်ဖတ်ချီးမြှင့်တော်မူခဲ့ကြသည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးကြည်စိုး‌အောင်နှင့် ဌာနဆိုင်ရာများမှ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)