မုဒုံမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်ကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ

မုဒုံ ဇူလိုင် ၁၆

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် အမှတ် () အခြေခံပညာကျောင်းတွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ဇူလိုင် ၁၅ ရက်နေ့က ကျင်းပသည်။

ကျောင်းသား၊ ကျောင်းသူများ နေ့ထူးနေ့မြတ်များကို မမေ့လျော့စေရန်၊ အာဇာနည်နေ့ အကြောင်းအရာများကို သိရှိစေရန်နှင့် စာအုပ်စာစောင်များ ဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာကာ ထူးချွန်ထက်မြတ်သည့် ကျောင်းသား/ သူများ ပေါ်ထွက်လာ စေရန်အတွက် ပြိုင်ပွဲကို ပြုလုပ်ကျင်းပရခြင်း ကျောင်းအုပ်ဆရာမကြီးက ပြောကြားသည်။ ပြိုင်ပွဲတွင် အာဇာနည်နေ့ တို့မမေ့ခေါင်းစဉ်ဖြင့် စာစီစာကုံး၊ ကိုးဦးခေါ်မည် နေ့ထူးအာဇာနည်ခေါင်းစဉ်ဖြင့် ကဗျာပြိုင်ပွဲကို အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၀၅) ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရှိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)