မုဒုံမြို့၌ တိရစ္ဆာန်ကူးစက်​ရောဂါ ကာကွယ်ထိန်းချုပ်​ခြင်းနှင့် အရေးပေါ်တုံ့ပြန်မှုများ အသိပညာပေး ဆောင်ရွက်

မုဒုံ ဇူလိုင် ၁၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့်  အရေးပေါ်တုံပြန်မှုများဆိုင်ရာ Simulation  exercise  အဖြစ် အသိပညာပေးဟောပြောခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းများကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ဆောင်ရွက် ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တိရစ္ဆာန်မွေးမြူထားသော  ခြံပိုင်ရှင်များကို တိရစ္ဆာန်များ၌ ဖြစ်ပွားလေ့ရှိသည့်  ခွာနာ၊ လျှာနာရောဂါ၊ အရေပြား အကျိတ်နာရောဂါနှင့် အာဖရိက ဝက်ပြင်းဖျားရောဂါ ကာကွယ်ရေးအကြောင်းကို အသိပညာပေးဟောပြောခြင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်းရှိ မွေးမြူရေးခြံများသို့  သွားရောက်ပြီး  ဝက်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ပိုးသတ်ဆေးပက်ဖျန်းခြင်းများ၊ ကျွဲ၊ နွားလည်ချောင်း ကွဲရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဒုတိယပြည်နယ် ဦးစီးမှူး ဒေါက်တာတင်ဋ္ဌေး ကြီးကြပ်မှုဖြင့် မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေး လုပ်သားများက လိုက်လံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)