ဘီးလင်းမြို့၊ အထက(ကန်သာယာ)ကျောင်း၌ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲပြုလုပ်

ဘီးလင်း ဇူလိုင် ၁၆

သထုံခရိုင်၊ ဘီးလင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို  ယမန်နေ့နံနက်ပိုင်းက  အ-ထ-က (ကန်သာယာ)ကျောင်း မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် အ-ထ-က (ကန်သာယာ) ကျောင်းအုပ်ဆရာကြီး ဦးဝင်းသူက အဖွင့် အမှာစကား ပြောကြားပြီး၊ ဘီးလင်းမြို့နယ်  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးငြိမ်းစံက သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်တတ်သော ရေဘေး၊ မီးဘေး၊ မုန်တိုင်းဘေးနှင့် မြေပြိုကျခြင်း အကြောင်းအရာများကိုလည်း​ကောင်း၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဝင်းက ကလေးသူငယ်အခွင့်အရေး ဆိုင်ရာများနှင့် ပတ်သက်၍လည်းကောင်း ဟောပြောခြင်းနှင့် power point များဖြင့် ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား  ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ​ပေး လက်ကမ်း စာစောင်များ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ   လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

ထူးနောင် (ဘီးလင်းပြန်/ဆက်)