လွယ်ဂျယ် ဇူလိုင် ၁၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်တွင် လွယ်ဂျယ်မြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ခင်းကျင်းပြသထားသည့် အာဇာနည်(၉)ဦး၏ သမိုင်းအကျဉ်းနှင့် မှတ်တမ်းဓါတ်ပုံများ၊ မူးယစ်ဆေးဝါးကာကွယ်ရေးဆိုင်ရာများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ နံရံကပ်စာစောင်နှင့် အာဇာနည် ခေါင်းဆောင်များ၏ မှတ်တမ်းစာအုပ်များ သုတ/ ရသ စာအုပ်များကို တက်ရောက်လာသူ ကျောင်းသား ကျောင်းသူများ ဆရာ ဆရာမများက စိတ်ဝင်တစား ကြည့်ရှု့ခဲ့ကြသည်။
ဆက်လက်၍ နေ့လည်ပိုင်းတွင် "အာဇာနည်နေ့ တို့မမေ့" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ (၁၃)ဦး၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ (၁၁)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ဆုရရှိသူများအား မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်း၊ လူကုန်တားရဲတပ်ဖွဲ့ ဒုရဲမှူး အောင်လှိုင်၊ ရဲအုပ် ခိုင်ထူးဘို၊ အထက်တန်းပြဆရာမ ဒေါ်သူဇာဝင်းတို့က ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
လွယ်ဂျယ်(ပြန်/ဆက်)