လှိုင်သာယာ(အနောက်ပိုင်း) ဇူလိုင် ၁၅
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အခြေခံပညာကျောင်းများ၏ သတ်မှတ်စုရပ်နေရာများတွင် ယနေ့ နံနက် (၉) နာရီမှ စတင်၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကုလားကြီးစုကျေးရွာ အ.မ.က(၈)နှင့် အ.မ.က(၉)တို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည့် အခြေခံပညာကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး၊ ကျောင်းကျန်းမာရေးဆရာဝန်၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုပြီး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ အခြေခံပညာကျောင်းများတွင် အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခြင်းနှင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ကုလားကြီးစုကျေးရွာအတွင်း ကျောင်း(၂)ရှိ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ ကျောင်းသူ ဒုတိယအကြိမ် (၅၇၄) ဦး ကို မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများအရောက် ဆေးထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လှိုင်သာယာ (ပြန်/ဆက်)