ဇမ္ဗူသီရိမြို့နယ်တွင် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ် ဆောင်ရွက်

ဇမ္ဗူသီရိ ဇူလိုင် ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ဇူလိုင် (၁၁) ရက်နေ့မှ စတင်ကာ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးထက်ထက်သာဦးဆောင်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက တိရစ္ဆာန်ရောဂါကာကွယ်ဆေးများ ထိုးနှံခြင်း၊ နွားများ၏ သွေးရည်ကြည်နမူနာယူခြင်းနှင့် ကျွဲ၊ နွားရောဂါများ ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သည့် အရေပြား အကျိတ်နာရောဂါနှင့် ပတ်သက်၍ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံ့ပုံနှင့် ရောဂါကာကွယ်ရန်နည်းလမ်းများ၊ ကျွဲ၊ နွား ခွာနာ၊ လျှာနာ အသိပညာပေးအချက်အလက်များ စသည်တို့ကို ဗီနိုင်းများဖြင့် ရှင်းလင်းပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ဇမ္ဗူသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် ဇူလိုင် (၁၁) ရက်မှ (၁၇) ရက်အထိ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)