ဆဒုံး ဇူလိုင် ၁၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်က (၇၅) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခဲ့သည်၊၊
ရှေးဦးစွာ ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာဝင်းက ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပရခြင်းဖြင့် သားငယ်သမီးငယ်များ အရောင်အသွေးများကို ကွဲပြားစွာ သိရှိစေနိုင်၍ လိုအပ်သည့် နေရာများတွင် ဖြည့်စွက် ခြယ်သနိုင်စေရန်၊ ယှဉ်ပြိုင်လိုသည့်စိတ်များ ဖြစ်ပေါ်လာစေရန်နှင့် ဉာဏစွမ်းရည်များ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ကျင်းပကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ဆဒုံးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/သူ (၂၀) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် ကျောင်းသား/သူများအား အမှတ်တရ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်၊၊
ဆဒုံး (ပြန်/ဆက်)