လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆွေး​နွေးပွဲ Talk Show ကျင်းပပြုလုပ်

လှိုင်သာယာ(အနောက်ပိုင်း) ဇူလိုင် ၁၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ ဇူလိုင် (၁၉) ရက်နေ့တွင် ရောက်ရှိမည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်  Online Talk Show ​ဆွေး​နွေးပွဲ အစီအစဉ်ကို ယနေ့ ​နံနက် (၁၀) နာရီအချိန်က လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊​​​ ပြန်​ကြား​ရေးနှင့်​ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ကျင်းပ​ပြုလုပ်ခဲ့ပါသည်။

ထိုသို့ ရိုက်ကူးတင်ဆက်ရာတွင် ဆွေးနွေးသူများဖြစ်သည့်​ဒေါ်ဝေလွင်လွင်ကျော် (ဒုတိယဦးစီးမှူး)၊  စာရေးဆရာ ဦးစိုးနိုင်(မင်းသီဟရာဇာ)တို့က ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ်ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ လေးစားအားကျအတု ယူသင့်သောမျိုးချစ်စိတ်၊ ရိုးသားဖြောင့်မတ်မူ၊ ကိုယ်ကျိုးမဖက်လွတ်လပ်ရေး​ ရရှိအောင်ကြိုးပမ်းဆောင်မူများနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ခေါင်းဆောင်များ၏ ဂုဏ်ရည်စသည့် ဗဟုသုတရဖွယ် အကြောင်းအရာများဖြင့် မေးခွန်းများမေးမြန်းခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ Talk Show အစီအစဉ်ကို လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်ပြီး လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြည်သူများအသိပညာရရှိစေရေးအတွက် Talk Show အစီအစဉ်များကို ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သတင်းရသည်။

ဝေလွင်ကျော်(ပြန်/ဆက်)