မံစီမြို့နယ်၌ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းများ လှုပ်ရှားဆောင်ရွက်

မံစီ ဇူလိုင် ၁၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၌ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း ဆိုင်ရာလုပ်ငန်းများ လှုပ်ရှားဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရေခူးမံခံကျေးရွာ၌ အသိပညာပေး ဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက် ခြင်းဖြစ်ပြီး နံနက် ၇ နာရီတွင် ကျေးရွာအတွင်းမှ ကျွဲနွား (၂၀၁) ကောင်ကို ကျွဲနွားလည်ချောင်းကွဲ ရောဂါ ကာကွယ်ဆေး ထိုးပေးခဲ့သည်။ နံနက် ၁၀ နာရီတွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်း ချုပ်ခြင်းဆိုင်ရာ အရေးပေါ်တုံ့ပြန်မှုအကြောင်းကို ကျေးရွာသူ ကျေးရွာသားများအား အသိပညာပေး ဟောပြောကာ အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်း၌ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် အရေးပေါ်တုံ့ပြန်ရေးအတွက် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခြင်းတို့ကို လှုပ်ရှား ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)