၂၀၂၂ ခုနှစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ပြေးခုန်ပစ်ပြိုင်ပွဲများတွင် သာစည်မြို့နယ်မှ အားကစားနည်း ၁၄ မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်

သာစည် ဇူလိုင် ၁၅

၂၀၂၂ ခုနှစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ  အသက် (၁၈) နှစ်အောက်  အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲများတွင် သာစည်မြို့နယ်မှ   အားကစားနည်း ၁၄ မျိုး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀၊ ၁၅၀၀၊ ၃၀၀၀၊ မီတာ ၁၁၀ တန်းကျော်ပြေး၊ မီတာ ၄၀၀ တန်းကျော်ပြေး၊ အလျားခုန်၊ သုံးဆင့်ခုန်၊ တန်းမြင့်ခုန်၊ သံလုံးပစ်၊ သံပြားဝိုင်းပစ်နှင့် လှံတံပစ် အားကစားနည်း ၁၄ မျိုးကို  ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ထားသော အားကစားသမားများ အား မြို့နယ်ပြည်သူ့အားကစားကွင်း၌ နံနက်ပိုင်းတွင် တစ်ကြိမ်နှင့် ညနေပိုင်းတွင် တစ်ကြိမ်  တစ်နေ့လျှင်နှစ်ကြိမ်    စနစ်တကျဖြင့်   လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။

အားကစားနည်း ၁၄ မျိုးကို ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ထားသော အားကစားသမားများမှာ သာစည်မြို့အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများမှ  ကျောင်းသား/သူများနှင့် မြို့နယ်အတွင်းမှ အားကစားသမားများအား   ရွေးချယ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)