ချောင်းဆုံမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

ချောင်းဆုံ   ဇူလိုင်  ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဇာနတို့ပူးပေါင်းပြီး (၇၅)နှစ် မြောက် အာဇာနည်နေ့ အထိမ်းအမှတ်စာစီစာကုံး ပြိုင်ပွဲ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်က မြို့နယ်(ပြန်/ဆက်) ရုံး လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဒုမြို့နယ်ပညာရေးမှူး ဦးတင်မျိုးနိုင်က စာစီစာကုံးပြိုင်ပွဲနှင့် ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်းများအားရှင်းလင်းပြောကြားပြီး မြို့နယ်အတွင်းရှိ (ထက်/လယ်)ကျောင်းများမှ ကျောင်းသား/သူ (၁၃)ဦးတို့က “မိုးစက်ဖြိုင်ဖြိုင်လဇူလိုင်” ခေါင်းစဉ်ဖြင့် စာစီစာကုံး ဝင်ရောက်ဖြေဆို ခဲ့ကြသည်။ ထို့နောက် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများတို့က အာဇာနည်နေ့နှင့်ပတ်သက်သည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်းနှင့် အဆိုပါပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/သူများအား ဇူလိုင် (၁၈)ရက်နေ့တွင် ဆုချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ချောင်းဆုံ(ပြန်/ဆက်)