အမရပူရ ဇူလိုင် ၁၅
အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (၇၅)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲအခမ်းအနားကို ယနေ့နေ့လယ် (၁)နာရီအချိန်က အိုးတော်မူလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အိုးတော်မူလွန်ကျောင်းအုပ်ဆရာကြီး ဦးညွန့်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှက အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်စိတ်ဓာတ်အကြောင်းတို့ကို ရှင်းလင်းပြောကြားကာ တက်ရောက်လာသော ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို စိတ်ဝင်တစား လေ့လာကြည့်ရှု မှတ်သားကြကြောင်း သိရသည်။
အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိ စေရန် ရည်ရွယ်၍ အထိမ်းအမှတ် နေ့များတွင် ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(မြို့နယ်/ ပြန်/ဆက်)