ဗန်းမော်မြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ဝိုင်းဆောင်ရွက်

ဗန်းမော် ဇူလိုင် ၁၅

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဗန်းမော်ခရိုင် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမှတ်(၄) အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော် ထွန်းက အာဇာနည်နေ့အကြောင်း သိကောင်းစရာများနှင့် စာဖတ်ဝိုင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို အသိပညာပေးပြောကြားပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်စွမ်းရည်မြှင့်မားလာစေရန် တစ်ဦးချင်း ပုံပြင်စာအုပ်ဖတ်ကြားခဲ့ကြကြောင်း သိရသည်။ 

ကိန်းဖြူ(ပြန်/ဆက်)