ချီဖွေ ဇူလိုင် ၁၅
(၇၅) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် (ထက်၊ လယ်၊ မူ) အဆင့် စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း(ချီဖွေ)၌ ကျင်းပ ပြုလုပ်ခဲ့သည်။
မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၌ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/သူ (၁၇) ဦး တို့မှ “၁၉ ဇူလိုင်မမေ့နိုင်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား/သူ (၁၇) ဦးတို့မှ "အာဇာနည်နေ့ တို့မမေ့" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အခြေခံပညာ မူလတန်းအဆင့် ကျောင်းသား/သူ (၅) ဦးတို့မှ "အာဇာနည်နေ့" ခေါင်းစဉ်ဖြင့် လည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးပြိုင်တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မေခမွန်( ပြန် /ဆက်)