ဒလမြို့နယ် ဌာနဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေ (၂/၂၀၂၂) အစည်းအဝေး ကျင်းပ

ဒလ ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀:၃၀ နာရီတွင် မြို့နယ်စီမံအုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစည်သူကျော်က  အဖွင့်အမှာစကား  ပြောကြားသည်။ အစည်းဝေးတွင်  ဒလမြို့နယ် ဌာနဆိုင်ရာအလိုက်လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရုံးများပတ်ဝန်းကျင်သန့်ရှင်း သာယာရေးအတွက် ခြုံနွယ်များရှင်းလင်းရန်၊ သစ်ပင်ပန်းပင်များ စိုက်ပျိုးရန်၊ ရေစီးရေလာ ကောင်းမွန်အောင် ရေမြောင်းများရှင်းလင်းရန်၊ မြို့အဝင်၊ အထွက် ဆိုင်းပုဒ်များ သန့်ရှင်းရေးဆောင်ရွက်ရန်၊ အပတ်စဉ်သန့်ရှင်းရေးကိစ္စများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လမ်းဘေးဝဲယာကျူးကျော်ကိစ္စများ၊ ကျူးကျော်အိမ်ရာကိစ္စများ ရှင်းလင်းရန်၊ မိုးစပါးစိုက်ပျိုးမှု အချိန်မီစိုက်ပျိုးရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ သတ်မှတ်ချက်အတိုင်း ထိုးနှံကြရန်လိုအပ်ကြောင်း၊ စီမံကိန်းလျာထားချက် ကိစ္စများပြီးစီးနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားခဲ့ကြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ပူးပေါင်းဆောင်နိုင်မည့်လုပ်ငန်းများ ဆောက်ရွက်ဆဲလုပ်ငန်းများကို ပြန်လည်ဆွေနွေးခဲ့ကြကြောင်း သိရသည်။

သီတာဝင်း(IPRD)