ကွတ်ခိုင်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ

ကွတ်ခိုင် ဇူလိုင် ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ဇူလိုင်လ (၁၉)ရက်နေ့၌ ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာစောင်ပြပွဲ အခမ်းအနားအား ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းကအခမ်းအနားသို့တတ်ရောက်လာကြသည့် ကျောင်းသား/သူများအား ဤကဲ့သို့ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြပွဲနှင့်‌ ဟောပြောပွဲ ပြုလုပ်ရခြင်းမှာ အာဇာနည်နေ့နှင့်ပတ်သက်သည့် အ‌ကြောင်းအရာများ၊ ဗဟုသုတများအား‌ ‌ကျောင်းသူ၊ ကျောင်းသားများသိရှိ‌စေလိုရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်‌ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းအကျဉ်းများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ မြန်မာနိုင်ငံလွတ်လပ်ရေးရအောင် ကြိုးပမ်းကြပုံများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ ရက်စက်စွာလုပ်ကြံခံခဲ့ရပုံများ စသည့်အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဓာတ်ပုံနှင့်နံရံကပ်စာစောင်ဖြင့်သော်လည်ကောင်း ပြသခဲ့ပြီး၊ အာ‌ဇာနည်နေ့အထိမ်းအမှတ် စာအုပ်စာ‌စောင်များကိုလည်း ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ကျောင်းသူ/သားများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရပါသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)