တာမိုးညဲမြို့၌ (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်ဟောပြောပွဲ၊ ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

တာမိုးညဲ ဇူလိုင် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အာဇာနည်နေ့ကို ရင်ထဲတွင် မှတ်မှတ်ထင်ထင်ရှိစေရန် ရည်ရွယ်၍ တာမိုးညဲမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ယနေ့နံနက် ၁၀ နာရီအချိန်က နယ်လှည့်ဟောပြောပွဲ၊ ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခေါန်မိုင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံကို လည်ကောင်း၊ အာဇာနည် (၉) ဦး အကြောင်းကိုလည်းကောင်း၊ ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတ ပိုမိုရရှိစေရန် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာစေပြီး သုတ/ရသနှင့် ပြည့်စုံသော စာအုပ်စာစောင်များ ထပ်မံဖတ်ရှုချင်လျှင် စာကြည့်တိုက်သို့ အခမဲ့ လာရောက်ငှားရမ်းနိုင်ကြောင်း ပြောကြားပေးခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်တမ်းဓာတ်ပုံနှင့်အာဇာနည် (၉) ဦးတို့၏ ကိုယ်ရေးအကျဉ်းနှင့် သက်ဆိုင်သည့်ဓာတ်ပုံများကို ကျောင်းသား/ကျောင်းသူလေးများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

(ခေါန်မိုင်)တာမိုးညဲ