မုဒုံ ဇူလိုင် ၁၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ကျောင်းတွင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရှင်အရဟံခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း၊ အာဇာနည် ကိုးဦး၏ အတ္ထုပ္ပတ္တိများအကြောင်းနှင့် ကျောင်းသား/သူများအနေဖြင့် အားလပ်ချိန်တွင် စာပေဗဟုသုတရရှိစေရန်အတွက် စာကြည့်တိုက်သို့ သွားရောက်ကာ စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာစေရေးတို့ကို ဟောပြောခဲ့သည်။ ထို့နောက် ဆုရ ကျောင်းသား/ကျောင်းသူများက ကိုအောင်ဆန်းသို့ပေးစာ ဆောင်းပါး၊ မျက်ရည်ပြိုင်သည့် ၁၉ ဇူလိုင် စာစီစာကုံး၊ ကိုးဦးခေါ်မည် နေ့ထူးအာဇာနည် ကဗျာတို့မှ အာဇာနည်နေ့အကြောင်း သိကောင်းစရာတို့ကို ဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းတွင်းပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အာဇာနည်နေ့ အကြောင်းအရာများနှင့် ပတ်သက်သည့် နံရံကပ်စာစောင်၊ ဗီနိုင်းပိုစတာများကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)