မိုးမောက်မြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

မိုးမောက် ဇူလိုင် ၁၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက ဦးဆောင်၍ မိုးမောက်မြို့ အ.မ.က(၁)မူလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတတိုးပွားစေရန်၊ အာဇာနည်နေ့အကြောင်း သိကောင်းစရာများနှင့် စာဖတ်သည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ နယ်လှည့်အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၁၅ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်အသိပညာပေးဟောပြောပွဲတွင် ကျရီ−ဒဂေါ်(တွဲ) ကျောင်းအုပ် ဆရာမကြီး ဒေါ်အိနှင်းဖြူဝင်းက ပြည်သူ့နီတိအကြောင်း ပြောကြားခြင်း၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အကြောင်းနှင့် အာဇာနည်(၉)ဦးတို့၏ အကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်သည့် အလေ့အထရရှိစေရန် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုစေခဲ့ကြောင်း သိရှိရသည်။  

မြို့နယ် (ပြန်/ဆက်)