ဗိုလ်တထောင် ဇူလိုင် ၁၅
မိုးရာသီတွင် ကျောင်းသား၊ ကျောင်းသူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေးဟောပြောပွဲကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၀၉:၀၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ဗိုလ်တထောင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံး၊ မြို့နယ်လျှပ်စစ်မန်နေဂျာဦးတင်စိုးက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတွင် သတိထား ရမည့်အချက်များ၊ အပြင်သွားလျှင်နှင့် လျှပ်စစ်ပစ္စည်း များသုံးစွဲပြီးလျှင် မီးပလပ်များဖြုတ်ခဲ့ရန်၊ မမေ့ရန်၊ ဓာတ်လိုက်နေသူများကို တွေ့ရှိပါက လက်နှင့်မဆွဲရန်၊ ရေစိုလက်၊ ရေစိုဖိနပ်စီး၍ လျှပ်စစ်ပစ္စည်းများကို ကိုင်တွယ်အသုံးမပြုရန်၊ ပျက်စီးနေသော မီးပလပ်၊ ဆော့ကက်များကို မသုံးစွဲရန်နှင့် အန္တရာယ်ရှောင်ရှားနိုင်ရန်တို့ကို အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသူ (၃၂၆) ဦး တက်ရောက်ခဲ့ပြီး လျှပ်စစ်အန္တရာယ် ကင်းဝေးရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)