ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် (၈၇၀)ဦးအား ဆက်လက်ထိုးနှံ

ဒဂုံမြောက် ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထက် ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် မထိုးနှံရသူများနှင့် ဒုတိယအကြိမ် ဆက်လက်ထိုးနှံ‌ပေးလျက်ရှိရာ  ယမန်နေ့က အမှတ်(၆)၊  အမှတ်(၂၅) အခြေခံပညာမူလတန်းကျောင်းတို့၌ စုရပ်(၂)နေရာသတ်မှတ်၍ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထက် ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ်အဖြစ် ထိုးနှံရာတွင် အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းမှ(၃၂၇)ဦး ၊အမှတ်(၂၅) အခြေခံပညာ မူလတန်းကျောင်းမှ(၄၁၆)ဦးနှင့် အဆိုပါကျောင်းများတွင်  ပထမအကြိမ် မထိုးနှံရ‌သေးသော ကျောင်းသား ကျောင်းသူ (၁၂၇)ဦး စုစုပေါင်း (၈၇၀)ဦးအား ထိုးနှံပေးခဲ့ကြောင်းနှင့် ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ