မလှိုင် ဇူလိုင် ၁၅
မလှိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ နယ်မြေ(၇)၊ “ကျောက်တိုင်” ဆီစက်မှ စားအုန်းဆီ(၁)ပိဿာလျှင် ငွေကျပ်(၆၂၀၀)နှုန်းဖြင့် ယနေ့နံနက်(၉)နာရီမှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် မိဘပြည်သူများ နေ့စဉ်ကြော်လှော်ချက်ပြုတ်သော မီးဖိုချောင်တို့၌ ဈေးနှုန်းမျှတစွာ ဝယ်ယူစားသုံးနိုင်ပြီး လူခန္ဓာကိုယ်အတွက် အင်အားကို အဆီဓာတ်(fats)၊ ကစီဓာတ်(Carbohydrates)နှင့် ပရိုတိန်းဓာတ် (Proteins)တို့မှ ရရှိနိုင်ရန်ရည်ရွယ်၍ အမှတ်(၁) ရပ်ကွက်နေ ဦးဝင်းမြ၊ “ကျောက်တိုင်” ဆီစက်မှ ဒုတိယအကြိမ်မြောက် လူ(၁)ဦးလျှင် (၁)ပိဿာနှုန်းဖြင့် ပြည်သူ(၁၅၀၀)ဦး၊ စားအုန်းဆီပိဿာချိန် (၁၅၀၀)ပိဿာအား ငွေကျပ်(၆၂၀၀)နှုန်းရောင်းချပေးခဲ့သည်။ မလှိုင်မြို့နယ် စည်ပင်သာယာဈေးတွင် စားအုန်းဆီ(၁)ပိဿာ လျှင် လက်လီဈေးနှုန်း ငွေကျပ်(၉၀၀၀)နှုန်းဖြင့်လည်းကောင်း၊ ပိဿာ(၁၁၀)ဝင်ဆံ့ (၁)ပေပါလက်ကားဈေး (၁)ပိဿာလျှင် ငွေကျပ် (၈၅၀၀)နှုန်းဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
အောင်ဌေး(မလှိုင်)