ကျောက်မဲခရိုင်၊ လူထု‌အခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ပုံတူပန်းချီပြိုင်ပွဲကျင်းပ

ကျောက်မဲ ဇူလိုင် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)တွင် (၇၅) ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မူလတန်းအဆင့်ပုံတူပန်းချီပြိုင်ပွဲ ကို ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်းက ပြိုင်ပွဲကျင်းပပေးရခြင်း ရည်ရွယ်ချက်များနှင့် အမှတ်ပေး စည်းကမ်းများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကိုစတင်ကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဆုလက်‌ဆောင်များချီးမြှင့်ခြင်း၊ ပြိုင်ပွဲဝင်များအားလုံး အားအမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်းများ‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြိုင်ပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာမများက အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ၊ ဓါတ်ပုံများနှင့် စာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)