မုဒုံ ဇူလိုင် ၁၅
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ရွှေဖရုံသီးများ စျေးကောင်းရရှိသဖြင့် ရွှေဖရုံစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရွှေဖရုံ အရောင်းအဝယ် ပြုလုပ်သူများက ရွှေဖရုံအပါအဝင် အခြားဟင်းသီးဟင်းရွက်များကို တစ်ရက်လျှင် ကျပ်တစ်သိန်း ဝန်းကျင်ဖိုး လာရောက်ဝယ်ယူကြကြောင်း၊ ယခုနှစ်တွင် ရွှေဖရုံသီးများ အထွက်ကောင်း၍ စျေးကောင်းရရှိသောကြောင့် အဆင်ပြေမှုရရှိကာ မိသားစုစားဝတ်နေရေးအပြင် အပိုဝင်ငွေများရရှိကြောင်း မုဒုံမြို့နယ် ဖယ်ဒိုကျေးရွာမှ ရွှေဖရုံစိုက်တောင်သူတစဦးက ပြောသည်။
မုဒုံမြို့နယ်ရှိ ရွှေဖရုံစိုက်တောင်သူများသည် အများအားဖြင့် မြေပေါ်တွင်ပင်လျှောက် သွားစနစ်ဖြင့် စိုက်ပျိုးပြီး ရက် ၁၀၀ အကြာတွင် စတင်ခူးဆွတ်နိုင်ကာ ဈေးကွက်တွင် ရွှေဖရုံသီး အရွယ်အစားအလိုက် တစ်လုံး ၁၀၀၀ ကျပ် မှ ၃၀၀၀ ကျပ်အထိ ရောင်းချရသဖြင့် ရွှေဖရုံစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)