မလှိုင်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ

မလှိုင် ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ အမှတ်()ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (မလှိုင်)တွင် အထက်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက်()နာရီအချိန်တွင် အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင်ရောက်ရှိမည့် မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ် အထိမ်းအမှတ်နေ့တစ်ရက်ဖြစ်သော ၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့  ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံရေးတွင် အလွန်အရေးပါသော ခေါင်း ဆောင်ကြီး ၈ ဦးနှင့် ကိုယ်ရံတော်တစ်ဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးဂုဏ်ကို သိရှိတန်ဖိုးထားတတ်စေရန် ရည်ရွယ်ချက်ဖြင့်အာဇာနည်စိတ်ဓာတ် မမေ့အပ်ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် ကဗျာပြိုင်ပွဲဝင် ကျောင်း သား၊ ကျောင်းသူ(၁၅)ဦး၊ အာဇာနည်စိတ်ဓာတ်အရင်းတည် နိုင်ငံတော်သစ်တည်ဆောက်မည် အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင်(၂၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများဖြေဆိုနေမှုကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးဌေးသန်း၊ ဦးအောင်ကျော်သူ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်မောင်မြတ်နှင့် တာဝန်ရှိ သူတို့မှ လိုက်လံကြည့်ရှု အားပေးစကားပြောကြားခဲ့သည်။

ထို့အပြင် မလှိုင်မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော အထက်တန်းကျောင်း(၃၁)ကျောင်း၊ အလယ်တန်းကျောင်း(၂၀)ကျောင်း၊ မူလတန်းအဆင့်ကျောင်း(၇၀)ကျောင်း၊ စုစုပေါင်း (၁၂၁)ကျောင်းတို့ တွင် အာဇာနည်နေ့အကြို ဟောပြောပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများ ကျင်းပဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဌေး(မလှိုင်)