ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကာကွယ်ခြင်း၊ ကျား၊ မရေးရာနှင့် အားလုံးအကျုံးဝင်ပါဝင်မှု သင်တန်းဖွင့်လှစ်

နမ့်ဆန် ဇူလိုင် ၁၅ 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းရှိ ဓမ္မာရုံတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းကျန်းမာရေးဌာန BRIC Program. APH စီမံချက်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် အကာအကွယ်ပေးရေး၊ ကျား၊ မရေးရာနှင့် အားလုံးအကျုံးဝင်ပါဝင်မှုဆိုင်ရာသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါ သင်တန်းတွင် ဒုဥက္ကဋ္ဌ ဦးအောင်မြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနမှ စီမံကိန်းမန်နေဂျာ ဦးထွန်းလွင်ဦးက ကျား၊ မ မတူကွဲပြားမှုနှင့် ချဉ်းကပ်မှုသည် ကြက်ခြေနီလှုပ်ရှားမှု မူ(၇)ချက်တို့ ချိတ်ဆက်မှုနှင့်ပတ်သက်သည့် အသိပညာတိုးပွားလာစေရန်စသဖြင့် သင်တန်းရည်ရွယ်ချက်ကိုပြောကြားပြီး ဖွင့်ပွဲကို ပြုလုပ်ခဲ့ပါသည်။

ထိုသင်တန်းတွင် စီမံချက်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီစေတနာ့လုပ်အားရှင်များ၊ စီမံချက်ကျေးရွာဝင် စေတနာ့လုပ်အားရှင်များအား ရွာသူ/ရွာသားများအပါအဝင် သင်တန်းသူ/ သင်တန်းသား (၄၁)ဦးတက်ရောက်ပြီး သင်တန်းကို (၁၅.၇.၂၀၂၂ မှ ၁၇.၇.၂၀၂၂) ထိ (၃)ရက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)