မော်လမြိုင်မြို့၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသခြင်းများပြုလုပ်

မော်လမြိုင်  ဇူလိုင်  ၁၅

 မော်လမြိုင်မြို့၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ ကျောင်းရှိ ခန်းမဆောင်၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က  အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ဟောပြောပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ဟောပြောခဲ့သည်။

ထို့နောက် စာစီစာကုံးပြိုင်ပွဲအား ကျင်းပပြုလုပ်ရာ “မမေ့သင့်သည့် အာဇာနည်‌‌နေ့” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်မှ ကျောင်းသား၊ ကျောင်းသူ(၃၅)ဦးတို့မှ ဝင်‌ ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ် စာစောင်များအား စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်