ဗိုလ်တထောင် ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ပြည်သူများ ခြင်မှတစ်ဆင့် ကူးစက်ရောဂါများဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နိုင်စေရန်နှင့် ဆင်ခြေထောက်ရောဂါဖြစ်ပွားမှုမရှိစေရန် ရည်ရွယ်၍ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၀၉:၀၀)နာရီက ရဲရိပ်သာရပ်ကွက်၊ ဆိပ်ကမ်းအာဏာပိုင် ဝန်ထမ်းအိမ်ရာ (၄၈)ခန်းတွဲတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြိုတင်ကာကွယ်မှုဆောင်ရွက်ရာတွင် ခြင်ဆေးဖျန်းခြင်း၊ ရေစည်၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ပိုးလောက်လန်း ရှိ/မရှိ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွှက်ခြင်းကို မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဒေါက်တာ ဟေမာဇော် ဦးဆောင်မှုဖြင့် ဒေါက်တာကျော်ဇင်သိန်း၊ ဒေါက်တာနှင်းအေးလွင်နှင့် ကျန်းမာရေးဝန်ထမ်းများက တစ်အိမ်တက်ဆင်းသွားရောက် ဆောင်ရွက်ခဲ့ခြင်းကြောင့် ပြည်သူများ၏ကျန်းမာရေးကို အထောက်အကူပြုကြောင်း သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)