သာကေတ ဇူလိုင် ၁၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများ ကိုဗစ်-၁၉ရောဂါကူးစက်မှု ကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် Phase-12 (Sinopharm) ထိုးနှံခြင်းလုပ်ငန်းအား ယနေ့နံနက် (၉:၀၀) နာရီမှ မွန်းလွဲ(၂:၀၀)နာရီအထိ ၁/အနော်မာရပ်ကွက်ရှိ အမှတ် (၁၇) အခြေခံပညာမူလတန်းကျောင်း၊ ၁/ထူပါရုံရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ မူလတန်း ကျောင်း၊ ၁၀/တောင် ရပ်ကွက်ရှိ အမှတ်(၄၁)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၂၂) အခြေခံပညာမူလတန်းကျောင်းများရှိ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ကျောင်းသူ (၄၈၅)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာ ဝင်းကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကာ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအသင်း၊ ကျောင်းကော်မတီဝင်များမှ ဆေးထိုး နှံမည့် ကျောင်းသား၊ ကျောင်းသူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်း ရှိ၊ မရှိ၊ ကာကွယ်ဆေးများ ထိုးနှံထားခြင်းရှိ၊ မရှိ၊ စနစ်တကျ စစ်ဆေးပြီး ဆေးထိုးအဖွဲ့ (၂)ဖွဲ့ဖြင့် ဒုတိယအကြိမ် ကာကွယ်ဆေးအား ဆက်လက်ထိုးနှံဆောင်ရွက်ခဲ့ပြီး အခြေခံပညာ မူလတန်းကျောင်း(၄၆)ကျောင်း၊ အလယ်တန်း(၆)ကျောင်း၊ အထက်တန်း(၆)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၇)ကျောင်း၊ ပုဂ္ဂလိကပညာရေးကျောင်း(၈)ကျောင်းရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အသက် (၁၂) နှစ်မှ (၁၈)နှစ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံဆောင်ရွက်သွားမည်ဖြစ်သည်။
သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်ကျောင်း အခြေပြု ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့်လွမ်းခြုံမှုရရှိစေရန် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ဆေးထိုးနှံရန်အကျုံးဝင်သည့် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်၌ (၁၀၅၄၀)ဦးအား ထိုးနှံပြီးစီးခဲ့ပြီး ဒုတိယအကြိမ်၌ ကျောင်းသား၊ ကျောင်းသူ(၂၅၀၅)ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ