ပြည်ကြီးတံခွန်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပြည်ကြီးတံခွန် ဇူလိုင် ၁၅

မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အမှတ်(၂၉) အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာ ပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် အမှတ်(၂၉)အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမ ကြီးဒေါ်ချိုခင်ကအမှာစကားပြောကြားပြီး မန္တလေးခရိုင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်စောလွင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် အာဇာနည်စိတ်ဓာတ်ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ဆရာမများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)