ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်း ပိုမိုသိရှိစေရန် အသိပညာပေးဟောပြောပွဲ ကျင်းပ

တပ်ကုန်း ဇူလိုင် ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်း ပိုမိုသိရှိစေရန်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဖြစ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးတင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဦးမျိုးမြင့်(မျိုးမြင့်-မြန်မာစာ)က ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အာဇာနည်းခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ချက်များ၊ အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်းကို ဟောပြောခဲ့သည်။ ဟောပြောပွဲသို့  ကျောင်းသား၊  ကျောင်းသူပေါင်း(၄၀၂)ဦး တက်ရောက်ခဲ့ပြီး၊ အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်