(၇၅)နှစ်မြောက် အာဇာနည်‌နေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ပန်းချီဆွဲပြိုင်ပွဲ ကျင်းပ

ရမည်းသင်း ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၅) မြို့မအခြေခံပညာအထက်တန်းကျောင်း တို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်အမှတ် အလယ်တန်းဆင့် ဗိုလ်ချုပ်အောင်ဆန်း ပုံတူပန်းချီဆွဲပြိုင်ပွဲကို ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဖုန်းနိုင်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ပန်းချီဆွဲပြိုင်ပွဲ ကျင်းပရာ အမှတ်(၅) မြို့မအခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃၀)ဦးတို့ ယှဉ်ပြိုင်ကြကြောင်း သတင်းရ သည်။

ဇော်ဝင်းအောင်(ပြန်/ဆက်)