မြစ်သားမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မြစ်သား ဇူလိုင်  ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ  အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အထက (မြစ်သား) ကျန်စစ်သားခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး မြစ်သားမြို့နယ်ပညာရးမှူး ဒေါ်မြင့်မြင့်သိန်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဆုများရရှိအောင် ကြိုးစားသင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများ၊ ဂုဏ်ပြုဆုများ ချီးမြှင့်နိုင်ရေးအတွက် ပါဝင်ကူညီပေးပါသော မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော (၆) ဘာသာဂုဏ်ထူးရှင (၂)ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁၈)ဦး၊ (၁) ဘာသာဂုဏ်ထူးရှင်(၇၅)ဦး စုစုပေါင်း (၁၀၀) ဦးအား တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများကို အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)