တာချီလိတ် ဇူလိုင် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဆေးရောင်ခြယ်၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ ၁ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးက ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့နှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဓာတ်ပုံနှင့် နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဉာဏစွမ်းရည်နှင့်ကာယစွမ်းပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ တာဝန်ရှိသူတို့က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ပြိုင်ပွဲသို့ အထက(တာချီလိတ်)မှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
ယာဆေး (ပြန်/ဆက်)