မိုင်းခတ် ဇူလိုင် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားတွင် မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က ပုံပြင်ပြောပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိအကျဉ်းနှင့် စာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများကို အသိပညာပေးပြောကြားပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူလေးများက မိမိကြိုက်နှစ်သက်ရာခေါင်းစဉ်ဖြင့် ပုံပြင်ပြောပြိုင်ပွဲအား ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်)မှဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများက မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ခင်းကျင်းပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိအကျဉ်းများ၊ အမှတ်တရပုံတူပန်းချီများ၊ စာအုပ်စာစောင်များကို စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြပြီး ပုံပြောပြိုင်ပွဲတွင် ဆုရရှိကျောင်းသူလေးများအား အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)