သူငယ့်ချောင်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

လှည်းကူး ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးတိုင်းပညာရေးကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါမှ ကင်းဝေးပြီးကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂) နှစ်ထိအခြေခံပညာ ကျောင်းသား/သူများအား ကျောင်းအခြေပြုကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သူငယ့်ချောင်ကျေးရွာအုပ်စု၊ မင်းလွင်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများ ပူးပေါင်း၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျောင်းသား/သူများအား ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ အချက်များကို မေးမြန်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စိုးရိမ်ရသည့် ရောဂါ လက္ခဏာ ရှိ/မရှိမေးမြန်းပြီးမှသာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကို ကျောင်းသား/သူ များအား ထိုးနှံပေးခဲ့ပြီး၊ သတ်မှတ်ထားသည့်ရက်များအတိုင်း ကျန်ရှိသည့် ကာကွယ် ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အေးအေးနွဲ့