ခိုလမ်မြို့အ-မ-က (မူလွန်)ဝမ်ဖွီးကျောင်းတွင် (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသ

ခိုလမ်  ဇူလိုင် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခိုလမ်မြို့အ.မ.က(မူလွန်)ဝမ်ဖွီး အခြေခံပညာမူလွန်ကျောင်းတွင်  (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ နယ်လှည့်ကွင်းဆင်း ဟောပြောပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဦးစီးမှူး ဒေါ်ဖြူဖြူ‌သော်မှ အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းခဲ့ပုံများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကိုဟောပြောခဲ့ပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို ကျောင်းသား/သူများအား ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ခိုလမ်)