မတ္တရာမြို့နယ်၌ (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပ

မတ္တရာ ဇူလိုင် ၁၅

(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦစီးမှူးဒေါ်မေသူမြင့်မှ အာဇာနည်နေ့အကြောင်းနှင့် ပြိုင်ပွဲကျင်းပရခြင်း အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။  ထို့နောက် ကျဗျာရွတ်ပြိုင်ပွဲကို အာဇာနည်နေ့ဆုတောင်း” ကဗျာဖြင့် ရွတ်ဆိုယှဉ်ပြိုင်စေခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ဆုရရှိသူများကို အခမ်းအနားဖြင့် ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)