ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ပြင်ဦးလွင် ဇူလိုင် ၁၅

ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀နာရီ အချိန်က (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ငုချိုချိုကျော်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ အာဇာနည်ခေါင်းဆောင်များအကြောင်းနှင့် အာဇာနည်နေ့နှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်စွမ်းရည် တိုးတက်ကာ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဟောပြောပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကျောင်းသား/ကျောင်းသူ(၂၅) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ထူးချွန်သူများအား ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးက ဆုများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ စာအုပ်စာပေ ချစ်မြတ်နိုးတတ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွား လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြူလူသစ် (ပြန်/ဆက်)