မိုင်းရှူးမြို့နယ်တွင် စာဖတ်သူတိုးပွားလာစေရေးအတွက် Mobile Library စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်

မိုင်းရှူး ဇူလိုင် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်သူတိုးပွားလာစေရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)ရပ်ကွက် ၊အခြေခံပညာမူလတန်းကျောင်းနှင့် ကြူလွိုင်ကျေးရွာ၊ မူလတန်းကျောင်းတို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ စာအုပ်/စာစောင်များငှားရမ်းပေးရာတွင် စာဖတ်သူတိုးပွားလာ‌စေရန်နှင့် စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရုံး/ဌာနဆိုင်ရာများ၊ ကျောင်းများသို့သွားရောက်၍ သုတ/ရသများ၊ မဂ္ဂဇင်းများနှင့် ဝတ္ထုစာအုပ်များ ငှားရမ်းပေးပြီး အပတ်စဉ်စာအုပ်အသစ်များ သွားရောက် လဲလှယ်ပေးလျက်ရှိကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)