ငါ့သရောက်မြို့ ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးမှ ကျောင်းသား၊ကျောင်သူများအား ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ရပ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ အလုပ်ခန့်မည့် ကလေးသည် အသက် (၁၄) နှစ်ပြည့်ပြီးသူဖြစ်ရမည်၊ အန္တရာယ်ရှိသော အလုပ်ခွင်များတွင် ကလေးများကို အလုပ်မလုပ်စေရန်နှင့် အလုပ်လုပ်သောကလေးများနှင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာသင်ရေး စသည်တို့ကို ရှင်ပြပေးခဲ့သည်။
P.W.A