ကျောက်ဆည်မြို့နယ် ဒါန်းတိုင်ကျေးရွာတွင် ဒေသထွက်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ရာသီမရွေးသယ်ယူနိုင်ရေး ကုန်ထုတ်လမ်းဖောက်လုပ်ပေး

ကျောက်ဆည် ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများဖွံ့ဖြိုးတိုးတက်စေလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒါန်းတိုင်ကျေးရွာ၌  ဒေသထွက်ကုန်များ ကုန်ကျစရိတ် သက်သာစွာဖြင့် ရာသီမရွေးသယ်ယူနိုင်ရေး ကုန်ထုတ်လမ်းဖောက်လုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကုန်ထုတ်လမ်းဖောက်လုပ်ရာတွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၁၂.၂၅၃၀) သန်း အကုန်အကျခံကာ အလျား (၂.၀၅) ဖာလုံ၊ အကျယ် (၁၂) ပေ၊ မြေထု(၁)ပေ၊ ဂဝံဂျင်းကျောက်ထု (၉) လက်မ လမ်းဖောက်လုပ်ပေးခြင်းဖြစ်ပြီး လုပ်ငန်းများ သတ်မှတ် ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဒေါ်ဌေးဌေးရီ ဦးစီးအရာရှိ (နည်းပညာ) တို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

အဆိုပါ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးသွားပါက စိုက်ပျိုးမြေဧက (၁၅၀) မှ ထွက်ရှိသော သီးနှံမျိုးစုံအား ကုန်ကျသရိတ်သက်သာစွာဖြင့် ရာသီမရွေး သယ်ယူနို်ငတော့မည်ဖြစ်ကြောင်းနှင့် ဒါန်းတိုင်ကျေးရွာမှ အိမ်ခြေ (၂၅၅) အိမ်၊ လူဦးရေ (၁၁၂၁) ဦးတို့၏ လူမှုစီးပွားဘဝများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်