မချမ်းဘော့မြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ အားကစားပြိုင်ပွဲကျင်းပ

မချမ်းဘော့  ဇူလိုင် ၁၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် အားကစားပြိုင်ပွဲကို ယမန်နေ့ ညနေ (၄)နာရီခွဲ က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မချမ်းဘော့မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က ဟောပြောပွဲပြုလုပ်ခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှု ဆောင်ရွက် ချက်များနှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ အာဇာနည်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများအား ရှင်းလင်းပြောကြား သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အားကစားစိတ်ဓာတ်ကြံ့ခိုင်လာစေရန်နှင့် စိတ်လန်းဆန်း တက်ကြွစေနိုင်ရန်အတွက် အားကစားပြိုင်ပွဲ အမျိုးအစား(၇)မျိုးကို အဖွဲ့နှစ်ဖွဲ့ ခွဲပြီး အဖွဲ့လိုက်သော် လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း ယှဉ်ပြိုင်ကစားစေကာ ပြိုင်ပွဲဝင်အဖွဲ့နှစ်ဖွဲ့အား အမှတ်တရ လက်ဆောင်များပေးခဲ့သည်။

အဆိုပါ ဟောပြောပွဲနှင့် အားကစားပြိုင်ပွဲတွင် အခြေခံပညာ အထကကျောင်းမှ Grade-5 ကျောင်းသား၊ ကျောင်းသူများ(၁၆) ဦး ပါဝင်တက်ရောက်ခဲ့သည်။

မြို့နယ်(ပြန်/ဆက်)