ကျောက်ဖြူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်(၇၅)နှစ်မြောက်၊ အာဇာနည်နေ့ စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲပြုလုပ်

ကျောက်ဖြူ ဇူလိုင် ၁၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ ကျောင်းရှိ နဝရတ်ခန်းမနှင့် အထက်တန်းအဆောင်စာသင်ခန်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်မေသန်းကြည်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ဟောပြောပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောပြီး Grade-8 မှ မောင်မျိုးမြင့်ကျော်မှ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကြောင်းအရာများအားလည်းကောင်း၊ Grade 7 မှ မခင်သက်မှူးကိုမှ အာဇာနည်နေ့ဖြစ်ပေါ်လာပုံများကိုလည်းကောင်း ဟောပြောခဲ့သည်။

ထို့နောက် စာစီစာကုံးပြိုင်ပွဲအား ကျင်းပပြုလုပ်ရာ “မျိုးမာန်ဝင့်ချီ အာဇာနည်” ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့်မှ ကျောင်းသား၊ ကျောင်းသူ(၇)ဦးတို့မှ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အလားတူ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင် (၁၅) ရက်နေ့တွင်လည်း အာဇာနည်နေ့ ကျပန်းစကားပြောပြိုင်ပွဲအား ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)