ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် အခြေခံပညာကျောင်းများအလိုက် ကျောင်းသား/သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ဒဂုံအရှေ့  ဇူလိုင်  ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်မထိုးနှံရသူများနှင့် ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (:၀၀)နာရီကစ၍ အမှတ်(၁၉)၊ အမှတ်(၁၀)၊ အမှတ်()အခြေခံပညာမူလတန်းကျောင်းများရှိကျောင်းသား/သူများကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြိူ့သစ် (အရှေ့ပိုင်းမြို့နယ်တွင် အသက် နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပြီးသူများကို  Sinopharm ဒုတိယအကြိမ်အဖြစ် ထိုးနှံရာတွင် အမှတ်(၁၉)အခြေခံပညာမူလတန်းကျောင်းမှ (၂၀)ဦး၊ အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်းမှ (၁၄၉)ဦးနှင့် ၎င်းကျောင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ်ထိုးနှံသူ (၁၂၂)ဦး အမှတ်()အခြေခံပညာမူလတန်းကျောင်းတွင် ပထမအကြိမ် ()ဦး စုစုပေါင်း (၂၉၃)ဦးအား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းများတွင် ဆက်လက်ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံက သိရသည်။

ထို့နောက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း၍လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)