မိုင်းလုံ ဇူလိုင် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ လူထုအခြေအပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျောင်းသား/ကျောင်းသူများ အာဇာနည်နေ့သမိုင်းကြောင်းနှင့်အခြားသိမှတ်ဖွယ်ရာများကို အမှတ်ရစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဒေါ်စုစုဝင်းမှ အာဇာနည်နေ့သမိုင်းကြောင်းကို ကျောင်းသား၊ ကျောင်းသူများသိရှိအောင် အာဇာနည်နေ့နှင့်သက်ဆိုင်သော အကြောင်းအရာများနှင့် အခြားဗဟုသုတရစေမည့်အကြောင်းအရာများကို (၃၀)မိနစ်အချိန်ပေး၍ဖတ်စေပြီးမှ မေးခွန်းများကိုဖြေ၍ အမှတ်အများဆုံးရ ကျောင်းသား/ကျောင်းသူ သုံးဦးကို ဆုးအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
အာဇာနည်နေ့အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် အထက်တန်းအဆင့်ကျောင်းသား/ကျောင်းသူ (၁၅)ဦး တက်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)