ရမည်းသင်း ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၅) မြို့မအခြေခံပညာအထက်တန်း ကျောင်းတို့ပူးပေါင်း၍ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းဆင့် ဗိုလ်ချုပ်အောင်ဆန်း ပုံတူပန်းချီဆွဲပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြပြုဗဟိုဌာန (Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးဖုန်းနိုင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ဗိုလ်ချုပ်အောင်ဆန်းပုံတူပန်းချီဆွဲပြိုင်ပွဲကိုကျင်းပရာ အမှတ်(၅)မြို့မအခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃၀)ဦးတို့ ယှဉ်ပြိုင်ကြကြောင်းသိရသည်။
ဇော်ဝင်းအောင်