ဥတ္တရသီရိမြို့နယ်တွင် လူငယ်‌ရေးရာအသိပညာပေး ဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲ ကျင်းပ

ဥတ္တရသီရိ ဇူလိုင် ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဦးစီးဌာနတို့မှ လူငယ်‌ရေးရာအသိပညာပေး ဟောပြောပွဲနှင့်အားကစားသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ဥတ္တရသီရိမြို့နယ် ရွှေနံ့သာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။ အဆိုပါ ဟောပြောပွဲတွင် နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသက်က အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော် လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောရာ လူငယ်လူရွယ်များ ကျန်းမာသန်စွမ်းပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သော အားကစား သမားများပေါ်ထွန်းလာစေရေး၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ခေါင်းဆောင်မှု အရည်အသွေးမြင့်မားလာစေရန် ရည်ရွယ်၍ ဟောပြောပွဲများ၊ အားကစားနည်းပညာများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လေ့ကျင့်ပျိုးထောင်မှုများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကလည်း ကိုယ်တိုင်ကျင့်သုံး လိုက်နာဖို့လိုအပ်ကြောင်း၊ ခေါင်းဆောင်တစ်ဦးတွင်ထားရှိရမည့် အင်္ဂါရပ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အနာဂါတ်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ကျောင်းသား၊ ကျောင်းသူများက တိုက်ကွမ်ဒို အားကစားနည်းကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်